2nd of A Series of Food Care Pack Distribution 2024
As part of its commitment to assist and support social and charitable institutions, on 26 October 2024, Singapore Association of Myanmar (SAM) continued with its distribution of essential food items and cash donation to its adopted organizations.
The three organizations are:
1. Education Centre for the Blind
2. School for Disabled Children
3. Training School for Young Women
Giving back to the community and society at large is a principle that has always been at the heart of SAM’s mission in Myanmar.
A third donation to 2 beneficiaries will be held on 9 October (Saturday), and SAM would like to invite all members, friends, colleagues and families to join us for this meaningful event.
SAM works in a spirit of generosity and compassion. A unifying bond to support those in need.
If you would like to contribute to these organizations, please reach out to the SAM Secretariat at sam.secretariatoffice@gmail.com.
===
ပြည်တွင်းပရဟိတအဖွဲ့အစည်း 12 ခု၏ လူမှုဂရုဏာလုပ်ဆောင်မှုများကို ပံ့ပိုးထောက်ပံ့ပေးနိုင်ရန်အတွက် Singapore Association of Myanmar (SAM) ၏ ကြိုးစားအားထုတ်မှုတစ်စိတ်တစ်ပိုင်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ၊ ၂၆ ရက်နေ့တွင် ကတိကဝတ်ပြုထားသည့် လူမှုအဖွဲ့အစည်းများအား စားသောက်ကုန်များကို ဆက်လက်လှူဒါန်းခဲ့ပါသည်။
အဆိုပါ အဖွဲ့အစည်းသုံးခုမှာ –
၁) ရန်ကုန်မျက်မမြင်ကျောင်း (ခဝဲခြံ)
၂) မသန်စွမ်းသက်ငယ်သင်တန်းကျောင်း
၃) အမျိုးသမီးကလေးများသင်တန်းကျောင်း (မလိခ)
လူ့အဖွဲ့အစည်းနှင့် အများပြည်သူကို တတ်နိုင်သမျှ အကောင်းဆုံးစွမ်းစွမ်းတမံ လှူဒါန်းထောက်ပံ့ခြင်းက မြန်မာနိုင်ငံအတွင်း SAM အနေဖြင့် ထာဝရနှလုံးသွင်းထားသည့် မူတစ်ခု ဖြစ်ပါသည်။
လာမည့် နိုဝင်ဘာလ ၉ ရက်နေ့ စနေနေ့တွင် တတိယအကြိမ်မြောက်အဖြစ် ကျန်ရှိနေသည့် အဖွဲ့အစည်းများထဲမှ ၂ ခု အား လှူဒါန်းမှုများပြုသွားမည်ဖြစ်ပါသဖြင့် SAM အဖွဲ့ဝင်များ၊ မိတ်ဆွေသူငယ်ချင်းများ၊ လုပ်ဖော်ကိုင်ဖက်များနှင့် မိသားစုဝင်များမှ ပါဝင်လိုက်ပ်ရန် ဖိတ်ခေါ်လျက်ရှိပါသည်။
SAM သည် ရက်ရောမှုနှင့် ကရုဏာစိတ်ဖြင့် ပရဟိတလုပ်ငန်းများကို လုပ်ဆောင်နေပါသည်။ လိုအပ်နေသူများကို ထောက်ပံ့ရန် စည်းလုံးညီညွတ်မှုဖြင့် လုပ်ဆောင်နေခြင်းဖြစ်သည်။
အဆိုပါအဖွဲ့အစည်းများအား လှူဒါန်းလိုပါက SAM အတွင်းရေးမှူးရုံးအား sam.secretariatoffice@gmail.com မှတဆင့် ဆက်သွယ် လှူဒါန်းနိုင်ပါသည်။