As part of our effort to support and assist local organizations in their charity work, Singapore Association of Myanmar (SAM) has committed a total of 45 million MMK in basic food and cash donations to 12 beneficiaries.
 
On October 12, 2024, the 1st of a series of distribution was undertaken to these 3 organizations.
 
1) Myanmar Women Development’s Association – Established in 1947, MWDA is currently a haven for 97 orphan girls, providing educational support and skills training.
2) Catholic Home for the Aged – Established in 1923, the home has been recognized for its advocacy in caring for the elderly.
3) School for the Blind – Established in the late 1990s, the school provides academic and vocational training to over a hundred blind students.
 
In every visit, we are strengthened in our resolve to provide support to these inspiring organizations.
 
We at SAM, on behalf of its members, will continue our donation of food care packs in the month of October and November.
 
If you wish to make your kind donations to these organisations, you may contact SAM’s Secretariat at sam.secretariatoffice@gmail.com.
 
======
 
ပြည်တွင်းပရဟိတအဖွဲ့အစည်း 12 ခု၏ လူမှုဂရုဏာလုပ်ဆောင်မှုများကို ပံ့ပိုးထောက်ပံ့ပေးနိုင်ရန်အတွက် Singapore Association of Myanmar (SAM) ၏ ကြိုးစားအားထုတ်မှုတစ်စိတ်တစ်ပိုင်းအနေဖြင့် ကျပ်သိန်း ၄၅၀ တန်ဖိုးရှိ စားသောက်ကုန်ပစ္စည်းများနှင့် အလှူငွေများကို လှူဒါန်းသွားမည် ဖြစ်ပါသည်။
 
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ၊ ၁၂ ရက်နေ့တွင် လှူဒါန်းမှုအစီအစဉ်၏ ပထမအကြိမ်လှူဒါန်းမှုအဖြစ် အောက်ဖော်ပြပါ အဖွဲ့အစည်း ၃ ခုအား အလှူငွေနှင့် အလှူပစ္စည်းများ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။
 
၁။ မြန်မာ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအသင်း – ၁၉၄၇ ခုနှစ်တွင် စတင်ထည်ထောင်ခဲ့ပြီး ယနေ့အချိန်တွင် ၉၇ ဦးသော မိဘမဲ့ အမျိုးသမီးလေးများအတွက် အတန်းပညာရေးနှင့် အသက်မွေးဝမ်းကြောင်းပညာရပ်များကို သင်ကြားပို့ချပေး​နေသော ဂေဟာတစ်ခု ဖြစ်ပါသည်။
 
၂။ သီလရှင်လေးများ၏ ဘိုးဘွားရိပ်သာ – ၁၉၂၃ ခုနှစ်တွင် စတင်ထည်ထောင်ခဲ့ပြီး သက်ကြီးရွယ်အို အဘိုးအဘွားများကို ကြည့်ရှူစောင့်ရှောက်ပေးမှုများအတွက် အသိအမှတ်ပြုခံထားရပါသော ဘိုးဘွားရိပ်သာတစ်ခု ဖြစ်ပါသည်။
 
၃။ မျက်မမြင်ကျောင်း (ကြည့်မြင်တိုင်) – ၁၉၉၀ ပြည့်နှစ်နှောင်းပိုင်းတွင် စတင်ထည်ထောင်ခဲ့ပြီး မျက်မမြင်ကျောင်းသား တစ်ရာကျော်ကို အတန်းပညာရေးနှင့် အသက်မွေးဝမ်းကြောင်းသင်တန်းများကို သင်ကြားပို့ချပေးလျက်ရှိပါသည်။
 
အဆိုပါ လေးစားဖွယ်ရာကောင်းသော အဖွဲ့အစည်းများအား သွားရောက်လှူဒါန်းမှုပြုလုပ်ချိန်တိုင်းတွင် SAM အနေဖြင့် ၎င်းတို့ အမှန်တကယ်လိုအပ်သည်များကို လှူဒါန်းထောက်ပံ့ပေးနိုင်ရန် အမြဲတစေကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
 
SAM အဖွဲ့ဝင်များရဲ့ကိုယ်စား SAM အနေဖြင့် စားသောက်ကုန် လှူဒါန်းမှုများကို အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် ဆက်လက်ပြုလုပ်သွားမည် ဖြစ်ပါသည်။
 
အဆိုပါအဖွဲ့အစည်းများအား လှူဒါန်းလိုပါက SAM အတွင်းရေးမှူးရုံးအား sam.secretariatoffice@gmail.com မှတဆင့် ဆက်သွယ် လှူဒါန်းနိုင်ပါသည်။